Wednesday, May 19, 2010

ပြည်သူထံ မှ သိမ်းယူထားသော ကျောက်ဖြူ လက်တူးရေနံတွင်းဟောင်းများကို စစ်အစိုးရ ခောတ်မီ စက်ကရိယာတို့ဖြင့် ပြန်လည်တူးဖေါ်နေ

ပြည်သူထံ မှ သိမ်းယူထားသော ကျောက်ဖြူ လက်တူးရေနံတွင်းဟောင်းများကို စစ်အစိုးရ ခောတ်မီ စက်ကရိယာတို့ဖြင့် ပြန်လည်တူးဖေါ်နေ PDF Print E-mail
တနင်္လာနေ့၊ ဧပြီလ 26 ရက် 2010 ခုနှစ်

ခိုင်သော်က

မြန်မာ့ ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ကော်ပိုရေးရှင်း နှင့်အတူ နောက်ဆုံး ရောက်ရှိလာသော တရုတ် အင်ဂျီနီယာ တို့ပူးပေါင်း၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းရှိ ဒေသခံ
ပြည်သူများထံမှ အတင်းအားဓမ္မ သိမ်းယူထားသော လက်တူးရေနံတွင်းဟောင်းများကို စက်တွင်းအဖြစ် ခောတ်မီ စက်ယန္တရားတို့ဖြင့် စတင် တူးဖေါ်လျှက်ရှိကြောင်း ဒေသခံတဦး၏သတင်းပေးပိုချက်အရသိရသည်။

အမည်မဖေါ်လိုသည့်ဒေသခံ ရေနံတွင်းပိုင်ရှင်တဦးက “မြန်မာ့ ရေနံ နှင့် သဘာဝဓါတ်ငွေ့ ကော်ပိုရေးရှင်းမှ အင်ဂျီနှီယာ ဦး အောင်မြင့်ဦး ဦးဆောင်ပြီး လူ(၉၅)ဦးပါဝင်သည်အဖွဲ့တဖွဲ့သည် ယခုနှစ် မတ်လ ဆန်းပိုင်းမှစ၍ ကျေက်ဖြူမြို့နယ် သိုင်းချောင်းအုပ်စု၊ ငလပွေး နှင့်တဖက်တကမ်း ပဒေးကျေးရွာသို့ရောက်ရှိလာတယ်၊ အဆိုပါအဖွဲ့တွင် တရုတ် ပညာရှင်(၄၅)ဦး ပါတယ်လို့ လည်း သိရတယ်၊ယင်းမှတဆင့်မင်းပြင်အုပ်စု၊ အူချေကျေးရွာတွင်တဖွဲ့ ၊ လိတ်ခမော်အုပ်စု မရာကျွန်း ကျေးရွာ၌တဖ၊ွဲ့ ကာရာဘာအုပ်စု၊ ဂေါ်တူကျေးရွာမှာတဖွဲ့ ခွဲပြီး အဖွဲ့တဖွဲ့လျှင် ရေနံရှာဖွယ် တူးဖေါ်ရေး ပညာရှင်(၂၅)ဦး နှင့် မီးစက်(၂)လုံး ခောတ်မီ ရေနံတူးဖေါ်စက်ကရိယာမျိုးစုံဖြင့် နေ့အလုပ်သမား(၅၀)ကျော် ညအလုပ်သမား(၅၀)ကျော် တို့ကို တနေ့လျှင် တဦးကို (၂၅၀၀)ကျပ်ဖြင့် ငှါးပြီး ညမနားရက်မနားတူးဖေါ်လျှက်ရှိသည်” ဟုအသေးစိတ်ပြောပြသည်။

ဒေသခံအမည်မဖေါ်လိုသူ ရေနံနှင့်အသက်မွေးဝမ်းကျောင်းပြုလားသူ အဖိုးကြီးတဦးကမှု “ယခု အာဏာပိုင်တို့က စက်များဖြင့် တူးဖေါ်နေသောရေနံတွင်းဟောင်းများမှာ သက်တန်းအားဖြင့် နှစ်ပေါင်း(၃၀)ကျော်စီရှိနေကြပြီး ရေနံဆီကို(၇)ရက် တပါတ်တွင် နှစ်ကြိမ်ခက်ယူနိုင်ပြီး တကြိမ် ခတ်လျှင် အနည်းဆုံး သုံးဂါလံခွဲခန့်ရရှိသည် ရေနံတွင်းဟောင်းများဖြစ်ကြောင်း၊ ငါတို့ ကျောက်ဖြူ မြို့နယ်အတွင်းမှာ ဆိုယင် ယခင်က ၊မင်းပြင်၊ ရေနံတောင်၊ အူချေ ၊ဂေါ်တူ၊ ကာရဘာ၊ မရာကျွန်း၊ လိတ်ခမော်၊ လမ်းကွဲ၊ သိုင်းချောင်း၊ ဇိုင်ချောင်း၊ ကမ်းတီး၊ နှမ်ဖဲတိန်ကျေးရွာ နှင့် ပဒေးကျေးရွာ တို့ကို ရေနံရွာများဟု တင်စား ခေါ်ဝါခဲဘူးကြသည်” ဟုပြောပြသည်။

လက်တူးရေနံတွင်းဟောင်း(၃၀၀)ထိ ကို စက်ကရိယာမျိုးစုံဖြင့် ပြန်လည်တူးဖေါ်မည်ဖြစ်ကြောင်း တူးဖေါ်မည့် စီမံကိန်းကာလမှာ(၅)လဖြစ်ပြီး ရရှိလာမည့် ရေနံဆီများကို ယခင်ရှိပြီးသား ပိုက်လိုင်း မှမယူဘဲ သီးသန့် ပဒေးကျေးရွာသို့ ပိုက်လိုင်းသစ်ဖြင့် သွယ်ယူမည်ဖြစ်သဖြင့် ဒေသခံပြည်သူများ ၏ လယ်မြေများ နောက်ထပ် ရေနံပိုက်လိုင်းကြောင်း အသိမ်းခံမည်မှာ သေရှာနေကြောင်း၊ ပဒေး ကျေးရွာဆိပ်ကမ်းတွင်လည်း အဆောက်ဦးသစ်များ ကို စတင်ဆောက်လုပ်လျှက်ရှိပြီး ပဒေး ကျေးရွာဆိပ်ကမ်းမှ တဆင့် ကျောက်ဖြူမြို့ ငလပွေးကျေးရွာအနီးရှိ အမှက်(၂)ရေနက်ဆိပ်ကမ်းသို့ ပိုက်လိုင်းသွယ်ယူမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသည့် ဒေသခံဝန်ထမ်းတဦး၏ အတည်ပြု ပြောပြချက်အရ သိရသည်။

Credit to www.kaladanpress.org

No comments: