Wednesday, May 26, 2010

ကျောက်ဖြူမှ ရွှေလီသို့ ကီလို ၁၀၀၀ ကျော်ရှည်သော ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းတပ်ဆင်ရန် စီစဉ်

ကီလိုမီတာ ၁၀၀၀ ကျော်ခန့် ရှည်လျားသည့် ဓာတ်ငွေ့ပိုက်လိုင်းအား ကျောက်ဖြူမြို့မှ ရွှေလီမြို့သို့ သွယ်တန်းတပ်ဆင်သွားရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ကီလိုမီတာ ၁၀၀၀ ကျော်ခန့် ရှည်လျားသည့် ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းပြီးပါက မြန်မာနိုင်ငံကမ်းလွန်ဓာတ်ငွေ့တွင်းမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဖြူမြို့မှ ရွှေလီမြို့သို့ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရာတွင် ရခိုင်ရိုးမတောင်တန်းနှင့် ရှမ်းရိုးမ တောင်တန်းတို့ကို ဖြတ်သန်းသွားရမည့်အပြင် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ်နှင့် သံလွင်မြစ်ကိုပါ ဖြတ်သန်းသွယ်တန်း ရမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းနှင့် အတူ တရုတ်-မြန်မာစင်္ကြံလမ်းမကြီးနှင့် မီးရထားလမ်းကိုပါ ဆက်သွယ်ဖောက်လုပ်ရန်အတွက် တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူများနှင့်မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အတွင်း တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။

"ဒီဓာတ်ငွေ့ပိုက်လိုင်းနဲ့အတူ မီးရထားလမ်းနဲ့ မော်တော်ကားလမ်းမကြီးပါ ဖောက်လုပ်ပြီးစီးသွားရင်တော့ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံကြား ကုန်စည်ကူးသန်းရောင်းဝယ်မှုကဏ္ဍတွေမှာ အရမ်းလွယ်ကူကောင်းမွန်သွားမှာပါ။ အခုဆိုရင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကိုလည်း တရုတ် ပြည်က CHEC ကုမ္ပဏီနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်းပြီး စတင်တည်ဆောက်နေပါတယ်"ဟု တာဝန်ရှိသူ တစ်ဦးမှ ပြောဆိုခဲ့သည်။

@eleven media

ကျောက်ဖြူမြစ်အတွင်း လုပ်ငန်း ခွင်သုံး ဆိပ်ခံတံတား တစ်ခု မကြာမီ တည်ဆောက် သွားမည်

ရခိုင်ပြည်နယ်အတွင်းရှိ ရေနက်ဆိပ်ကမ်းမြို့များတွင် တစ်ခုအပါအ၀င်ဖြစ်သော ကျောက်ဖြူမြို့အနီး ကျောက်ဖြူမြစ်တွင် လုပ်ငန်းသုံးဆိပ်ခံတံတားတစ်ခု မကြာမီတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် ကျောက်ဖြူမြို့၌ ရေနံပိုက်လိုင်းများ သွယ်တန်းရေးနှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများကို စတင် တည်ဆောက်နေပြီဖြစ်ရာ လိုအပ်သော လုပ်ငန်းသုံး စက်ကိရိယာများနှင့် အခြားပစ္စည်းများကို ကျောက်ဖြူသို့ သယ်ဆောင်လာရန်အတွက် အဆိုပါတံတားကို တည်ဆောက်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ရခိုင်ကမ်းရိုးတန်း ရေနံလုပ်ကွက်များမှ ထွက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့များကို မြန်မာနိုင်ငံ အလယ်ပိုင်းကိုဖြတ်လျက် တရုတ်နိုင်ငံကူမင်းမြို့သို့ ပိုက်လိုင်းသွယ်တန်းကာ တင်ပို့သွားမည်ဖြစ်ရာ ကျောက်ဖြူမြို့တွင် ရေနံတင်ဆိပ်ကမ်း တည်ဆောက်ရေးသည် အရေးကြီးသော အပိုင်းတွင်ပါဝင်ပြီး အဆိုပါ ရေနံတင်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် မြေနေရာကိုလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းအတွက် လုပ်ငန်းသုံး တံတား တည်ဆောက်ရေးနှင့် မြေနေရာ ရွေးချယ်ရေးတို့အတွက် တာဝန်ရှိသူများက မေလ ၉ ရက်နေ့တွင် ကျောက်ဖြူမြို့သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ခံတံတား အမှတ်(၁)နှင့်အမှတ်(၂) တို့ရှိသော်လည်း ဒေသတွင်းသင်္ဘောများသာ ဆိုက်ကပ်လျက်ရှိပြီး ရေနံတင်ဆိပ်ကမ်းအတွက် ဆိပ်ခံတံတားကို တည်ဆောက်မည် ဖြစ်သည့်အပြင် ယခုအခါ လုပ်ငန်းသုံး တံတားတစ်ခု ကိုလည်း တည်ဆောက်မည်ဖြစ်ရာ တံတားလေးစင်းအထိ ရှိလာမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

@first-11

Friday, May 21, 2010

ကျောက်ဖြူ ခယကမှ ရံပုံငွေအတွက် ပြည်သူများထံမှ မတရား ငွေကောက်






ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တည်ရှိသော တိုးချဲ့ အိမ်ယာများနှင့် အိမ်သစ် ဆောက်သူများထံမှ ခယကမှ ရံပုံ ငွေအတွက် အကြောင်းပြကာ အာဏာပိုင်များက ငွေကောက်ခံနေသည်ဟု သတင်း ရရှိသည်။

အမည် မဖေါ်လိုသူ ဒေသခံ တဦးက “ ခယက ဥက္ကဌ၏ အမိန့်နဲ့ ကျောက်ဖြူ တိုးချဲ့ ရပ်ကွက်က အိမ်တွေကို ခယက ရံပုံငွေ အတွက် ဆိုပီး အိမ်တဆောင်ကို ကျပ်ငွေ တသိန်း ကျစီ ကောက်ခံ နေပါတယ်။ ရေရှည် တည်တည် တံ့တံနဲ့ နေလိုတယ်ဆိုရင် တောင်းတဲ့ ငွေကို ပေးသွင်းပါ။ မဟုတ်ရင် အိမ်ယာတွေကို ဖြိုဖျက်သွားမယ် ဆိုပီး ပြောပါတယ်” ဟု ပြောသည်။

ကျောက်ဖြူ ငလပွိ ချောင်းကမ်းနား တလျှောက်တွင် မဆလ ခေတ်ကတည်းက ကျူးကျော် အိမ်ယာများ အဖြစ် တည်ရှိနေသော အိမ်ခြေ (၂၀)ကျော်ခန့်မှာ ယခုအခါ အိမ်များ ဖြိုဖျက်ခံရမည်ကို စိုးရိမ်သဖြင့် ငွေကြေး မတတ်နိုင်သည့်ကြားထဲမှ ကျပ်ငွေ တသိန်းစီကို ခယက ရံပုံငွေ အတွက် ပေးသွင်းနေကြရသည်ဟု သူက ပြောသည်။

၎င်းပြင် ကျောက်ဖြူ ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ခယကမှ အိမ်သစ် ဆောက်လုပ်ခွင့် ပါမိတ်များ ချပေးရာတွင် ပါမိတ် တစောင်ကို အိမ်အကြီး အငယ်အလိုက် ကျပ်ငွေ ၁၀၀၀၀ မှ ၅၀၀၀၀ အထိ ကောက်ခံနေကြောင်း သိရသည်။

ကျောက်ဖြူ တောင်ရင်းကျေးရွာမှ ရွာသားတစ်ဦးကလည်း “ကျွန်တော်တို့ ဒေသ အတွင်းမှာ အိမ်အသစ် ဆောက်တာပဲ ဖြစ်ဖြစ် ပြန်ပြင်တာပဲ ဖြစ်ဖြစ် ခယက ရံပုံငွေအတွက် ကျေးရွာ ရယက တာဝန်ခံတွေဆီ ကတဆင့် ခယကကို ငွေပေးသွင်း နေကြရပါတယ်။ အိမ်ဆောက်ဖို့ ပိုက်ဆံ မရှိတဲ့ကြားထဲမှာ ရှိတဲ့ ငွေလေးကို စုပြီး အိမ်ပြင်တာတောင် ခယကကို ငွေပေးနေကြရပါတယ်” ဟု ပြောသည်။

သတ်မှတ် တောင်းခံ ငွေများကို မပေးသွင်းနိုင်ပါက တိုးချဲ့အိမ်ယာများကို ဖြိုဖျက်ရန်နှင့် အိမ်သစ် ဆောက်လုပ်သူများကို ဖမ်းဆီး အရေးယူရန် ခယက မှ အမိန့်ထုတ်ထားကြောင်းလည်းဟု သိရသည်။

၎င်းပြင်သူက “ ရယကတွေ လာတောင်းတဲ့ ငွေကို မပေးနိုင်ဘူးလို့ ငြင်းရင် ရဲနှင့် စည်ပင်ဝန်ထမ်း တွေကို ခေါ်လာပြီး အိမ်ကို သိမ်းမယ်ဆိုပီး ခြိမ်းခြောက် တာတွေလည်း ရှိနေတဲ့ အတွက် အိမ်အသိမ်း ခံရမှာကိုကြောက်ပီး လူတွေက အိမ်အသစ် ဆောက်ရင် ငါးသောင်းကျပ်၊ အိမ်ပြင်ရင် တစ်သောင်း ကနေ နှစ်သောင်းကျပ်ထိ ပေးနေကြပါတယ်” ဟု ဆက်ပြောသည်။

ကျောက်ဖြူ အမှတ် (၁) ဖေါင်တော် အနီးရှိ ဈေးဆိုင်ခန်းများကိုလည်း ဆိပ်ကမ်းသစ် တည်ဆောက်မည်ဟု ဆိုကာ တစုံတရာ လျော်ကြေးမပေးဘဲ ဖြိုဖျက်ပစ်ခဲ့ပြီး ယခုအခါ ဖြိုဖျက်ခံရသူများက နေပြည်တော်ကို တိုင်ကြားထားသဖြင့် အဆိုပါ ဆိပ်ကမ်းကို ယခုအချိန်ထိ မဆောက်လုပ်နိုင်သေးဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

နအဖ လက်ထက် ရခိုင်ပြည်သူအများ ဆင်းရဲတွင်း နက်နေကြရခြင်းမှာ အာဏာပိုင်များက မတော်မတရား အခွန် အကောက် ကောက်ခံခြင်း၊ ထောက်ပံ့ကြေး တစ်စုံတစ်ရာ မပေးပဲ ကျေးရွာများကို အတင်းအဓမ္မ ပြောင်းရွှေ့ ပစ်ခြင်း၊ ဘိုးစဉ် ဘောင်ဆက် သက်မွေး ၀မ်းကျောင်းပြု လုပ်ကိုင် စားသောက်လာသော လယ်ယာမြေများနှင့် ဥယျာဉ် ခြံမြေများကို လျော်ကြေး တစ်စုံတရာ မပေးပဲ အတင်း အဓမ္မ သိမ်းပိုက်နေခြင်း တို့ကြောင့် ဖြစ်သည်ဟု သိရသည်။

@နိရဉ္စရာ


ပလက်ဝ မြိတ်ဝ စခန်းတွင် သတ်ဖြတ်ခံရသူ ဗိုလ်ကြီး ထက်အောင်ထွန်းမှာ ကျောက်ဖြူမှ ဖြစ်ကြောင်းသိရ

5/20/2010

မေလ ၁၇ ရက်နေ့က ပလက်ဝမြို့နယ် မြိတ်ဝစခန်းမှ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်သို့ လက်နက်ချသွားသူ စစ်သား ၆ ဦး၏ ပစ်သတ်ခြင်းခံရသူမှာ ရခိုင်အမျိုးသား ဖြစ်ပြီး ကျောက်ဖြူဇာတိ ဖြစ်ကြောင်း သိရသည်။

မေ ၂၀ ထုတ် နအဖ စစ်အစိုးရပိုင် ကြေးမုံ သတင်းစာ နာရေး သတင်း တပုဒ်အရ ဗိုလ်ကြီး ထက်အောင်ထွန်း (အသက် ၂၈ )နှစ်မှာ ကျောက်ဖြူမြို့ ကမ်းနားလမ်းနေ ဦးထွန်းရွှေ (ပါစီစတိုး) ဒေါ်ဖြူဖြူဌေး (အလပြငြိမ်း) တို့၏ သားဖြစ်ကြောင်း သိရသည်။

ဗိုလ်ကြီးထက်အောင်ထွန်းမှာ ကြည်း ၃၅၇၆၅ ဖြစ်ပြီး
DSA ၄၅ ကျောင်းဆင်း ဖြစ်ကြောင်းနှင့် မေလ ၁၇ ရက်နေ့ နေ့လည် ၁ နာရီ ခွဲတွင် ကွယ်လွန် သွားကြောင်း ဖေါ်ပြသည်။

သတင်းစာတွင် သေဆုံးနေရာနှင့် သေဆုံးသွားပုံကို ဖေါ်ပြမထားသော်လည်း ပလက်ဝ မြိတ်ဝ စခန်းတွင် စစ်သား ၆ ဦး၏ ပစ်သတ်ခြင်းကို ခံရသူ ဗိုလ်ကြီးထက်အောင်ထွန်းမှာ သူပင် ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံ တဦးက ပြောသည်။

ထွက်ပြေးလာသူ စစ်သားများကို ကိုးကားပြီး ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်တွင် ဗိုလ်ကြီး ထက်အောင်ထွန်း၏ နိုင်ထက်စီးနှင်းလုပ်မူများကို မခံနိုင်၍ အဆိုပါ စစ်သား ၆ ဦးမှ သူ့အား ပစ်သတ်ပြီး လက်နက်မျိုးစုံကို ယူဆောင်ကာ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်သို့ လက်နက်ချ ပူးပေါင်း လာကြောင်း ဖေါ်ပြသည်။

ဗိုလ်ကြီးထက်အောင်ထွန်းအား သတ်ဖြတ်ပြီး ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်သို့ လက်နက်ချက် အလင်းဝင်လာသူများမှာ တပ်ကြပ် သန်းအေး ( ၃၆ နှစ်) ၊ ဒုတပ်ကြပ် မိုးအောင် (၂၇ နှစ်) ၊ဒုတပ်ကြပ် ဇော်ဇော်ဟန် ( ၂၅ နှစ်)၊ ဒုတပ်ကြပ် မောင်မောင်နိုင် ( ၂၆ နှစ်)၊ တပ်သား ဇော်မင်းဦး ( ၂၅ နှစ်) နှင့် တပ်သား စန်းဝင်း ( ၂၇ နှစ်) တို့ ဖြစ်ကြသည်။

အဆိုပါ စစ်သားများမှာ စစ်တွေမြို့နယ် ရေချမ်းပြင် အခြေစိုက် ခလရ ၂၃၂ မှ ဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ် မြိတ်ဝ ရှေ့တန်း စခန်းတွင် တာဝန်ကျနေစဉ် ဗိုလ်ကြီး ထက်အောင်ထွန်းအား သတ်ဖြတ်ပြီး ရခိုင် ပြည်လွှတ်မြောက်ရေး တပ်မတော်ထံတွင် လက်နက်ချ ပူးပေါင်း သွားခြင်း ဖြစ်သည်။

သူတို့ ယူဆောင်လာသော လက်နက်များမှာ အမ်းအေ (၁၁) လက်နက် ၅ လက်၊ အမ်းအေ (၁၂) ၁ လက်နက်၊ အမ်းအေ (၃) လက်နက် ၂ လက်၊ အမ်းအေ ၇၉ မော်တာ ၁ လက်နှင့် မော်တာ အသီး ၁၉လုံး၊ ဘီ ၁၀၀ ကွန်မဒို စိန်ပြောင်း ၁လက်နှင့် အသီး ၁၂ လုံး၊ ၉ မမ ပစ္စတို တလက်နှင့် ဘောက် ၂ချပ် ကျည်ဆံ ၁၄ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ နှင်းမိုင်း (အမ်း ၁၆) ၆လုံး၊ အီကွေမင်း ၁၀ စုံ၊ ကျော့ပိုးအိတ် ၆ လုံး၊ ဆက်သွယ်ရေး စက်ကြီး ၁ လုံးနှင့် ကျည်အမျိုးအစား ၁၃၀၈ တောင့်တို့ ဖြစ်သည်။

@
နိရဉ္စရာ

ကျောက်ဖြူမြစ်အတွင်း လုပ်ငန်းခွင်သုံး ဆိပ်ခံတံတားတစ်ခု မကြာမီ တည်ဆောက်သွားမည်

ရခိုင်ပြည်နယ်အတွင်းရှိ ရေနက်ဆိပ်ကမ်းမြို့များတွင် တစ်ခုအပါအ၀င်ဖြစ်သော ကျောက်ဖြူမြို့အနီး ကျောက်ဖြူမြစ်တွင် လုပ်ငန်းသုံးဆိပ်ခံတံတားတစ်ခု မကြာမီတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် ကျောက်ဖြူမြို့၌ ရေနံပိုက်လိုင်းများ သွယ်တန်းရေးနှင့် ရေနက်ဆိပ်ကမ်းတည်ဆောက် ရေးလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများကို စတင်တည်ဆောက်နေပြီဖြစ်ရာ လိုအပ်သော လုပ်ငန်းသုံးစက်ကိရိယာများနှင့် အခြားပစ္စည်းများကို ကျောက်ဖြူသို့ သယ်ဆောင်လာရန်အတွက် အဆိုပါတံတားကို တည်ဆောက်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ရခိုင်ကမ်းရိုးတန်း ရေနံလုပ်ကွက်များမှထွက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့များကို မြန်မာနိုင်ငံအလယ်ပိုင်းကိုဖြတ်လျက် တရုတ်နိုင်ငံကူမင်းမြို့သို့ ပိုက်လိုင်းသွယ်တန်းကာ တင်ပို့သွားမည်ဖြစ်ရာ ကျောက်ဖြူမြို့တွင် ရေနံတင်ဆိပ် ကမ်းတည်ဆောက်ရေးသည် အရေးကြီးသော အပိုင်းတွင်ပါဝင်ပြီး အဆိုပါ ရေနံတင်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် မြေနေရာကိုလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းအတွက် လုပ်ငန်းသုံး တံတားတည်ဆောက်ရေးနှင့် မြေနေရာရွေးချယ်ရေးတို့အတွက် တာဝန်ရှိသူများက မေလ ၉ ရက်နေ့တွင် ကျောက်ဖြူမြို့သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ခံတံတား အမှတ်(၁)နှင့်အမှတ်(၂) တို့ရှိသော်လည်း ဒေသတွင်းသင်္ဘောများသာ ဆိုက်ကပ်လျက်ရှိပြီး ရေနံတင်ဆိပ်ကမ်းအတွက် ဆိပ်ခံတံတားကိုတည်ဆောက်မည်ဖြစ်သည့်အပြင် ယခုအခါ လုပ်ငန်းသုံးတံတားတစ်ခု ကိုလည်း တည်ဆောက်မည်ဖြစ်ရာ တံတားလေးစင်းအထိ ရှိလာမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

@eleven media

Wednesday, May 19, 2010

ပြည်သူထံ မှ သိမ်းယူထားသော ကျောက်ဖြူ လက်တူးရေနံတွင်းဟောင်းများကို စစ်အစိုးရ ခောတ်မီ စက်ကရိယာတို့ဖြင့် ပြန်လည်တူးဖေါ်နေ

ပြည်သူထံ မှ သိမ်းယူထားသော ကျောက်ဖြူ လက်တူးရေနံတွင်းဟောင်းများကို စစ်အစိုးရ ခောတ်မီ စက်ကရိယာတို့ဖြင့် ပြန်လည်တူးဖေါ်နေ PDF Print E-mail
တနင်္လာနေ့၊ ဧပြီလ 26 ရက် 2010 ခုနှစ်

ခိုင်သော်က

မြန်မာ့ ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ကော်ပိုရေးရှင်း နှင့်အတူ နောက်ဆုံး ရောက်ရှိလာသော တရုတ် အင်ဂျီနီယာ တို့ပူးပေါင်း၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းရှိ ဒေသခံ
ပြည်သူများထံမှ အတင်းအားဓမ္မ သိမ်းယူထားသော လက်တူးရေနံတွင်းဟောင်းများကို စက်တွင်းအဖြစ် ခောတ်မီ စက်ယန္တရားတို့ဖြင့် စတင် တူးဖေါ်လျှက်ရှိကြောင်း ဒေသခံတဦး၏သတင်းပေးပိုချက်အရသိရသည်။

အမည်မဖေါ်လိုသည့်ဒေသခံ ရေနံတွင်းပိုင်ရှင်တဦးက “မြန်မာ့ ရေနံ နှင့် သဘာဝဓါတ်ငွေ့ ကော်ပိုရေးရှင်းမှ အင်ဂျီနှီယာ ဦး အောင်မြင့်ဦး ဦးဆောင်ပြီး လူ(၉၅)ဦးပါဝင်သည်အဖွဲ့တဖွဲ့သည် ယခုနှစ် မတ်လ ဆန်းပိုင်းမှစ၍ ကျေက်ဖြူမြို့နယ် သိုင်းချောင်းအုပ်စု၊ ငလပွေး နှင့်တဖက်တကမ်း ပဒေးကျေးရွာသို့ရောက်ရှိလာတယ်၊ အဆိုပါအဖွဲ့တွင် တရုတ် ပညာရှင်(၄၅)ဦး ပါတယ်လို့ လည်း သိရတယ်၊ယင်းမှတဆင့်မင်းပြင်အုပ်စု၊ အူချေကျေးရွာတွင်တဖွဲ့ ၊ လိတ်ခမော်အုပ်စု မရာကျွန်း ကျေးရွာ၌တဖ၊ွဲ့ ကာရာဘာအုပ်စု၊ ဂေါ်တူကျေးရွာမှာတဖွဲ့ ခွဲပြီး အဖွဲ့တဖွဲ့လျှင် ရေနံရှာဖွယ် တူးဖေါ်ရေး ပညာရှင်(၂၅)ဦး နှင့် မီးစက်(၂)လုံး ခောတ်မီ ရေနံတူးဖေါ်စက်ကရိယာမျိုးစုံဖြင့် နေ့အလုပ်သမား(၅၀)ကျော် ညအလုပ်သမား(၅၀)ကျော် တို့ကို တနေ့လျှင် တဦးကို (၂၅၀၀)ကျပ်ဖြင့် ငှါးပြီး ညမနားရက်မနားတူးဖေါ်လျှက်ရှိသည်” ဟုအသေးစိတ်ပြောပြသည်။

ဒေသခံအမည်မဖေါ်လိုသူ ရေနံနှင့်အသက်မွေးဝမ်းကျောင်းပြုလားသူ အဖိုးကြီးတဦးကမှု “ယခု အာဏာပိုင်တို့က စက်များဖြင့် တူးဖေါ်နေသောရေနံတွင်းဟောင်းများမှာ သက်တန်းအားဖြင့် နှစ်ပေါင်း(၃၀)ကျော်စီရှိနေကြပြီး ရေနံဆီကို(၇)ရက် တပါတ်တွင် နှစ်ကြိမ်ခက်ယူနိုင်ပြီး တကြိမ် ခတ်လျှင် အနည်းဆုံး သုံးဂါလံခွဲခန့်ရရှိသည် ရေနံတွင်းဟောင်းများဖြစ်ကြောင်း၊ ငါတို့ ကျောက်ဖြူ မြို့နယ်အတွင်းမှာ ဆိုယင် ယခင်က ၊မင်းပြင်၊ ရေနံတောင်၊ အူချေ ၊ဂေါ်တူ၊ ကာရဘာ၊ မရာကျွန်း၊ လိတ်ခမော်၊ လမ်းကွဲ၊ သိုင်းချောင်း၊ ဇိုင်ချောင်း၊ ကမ်းတီး၊ နှမ်ဖဲတိန်ကျေးရွာ နှင့် ပဒေးကျေးရွာ တို့ကို ရေနံရွာများဟု တင်စား ခေါ်ဝါခဲဘူးကြသည်” ဟုပြောပြသည်။

လက်တူးရေနံတွင်းဟောင်း(၃၀၀)ထိ ကို စက်ကရိယာမျိုးစုံဖြင့် ပြန်လည်တူးဖေါ်မည်ဖြစ်ကြောင်း တူးဖေါ်မည့် စီမံကိန်းကာလမှာ(၅)လဖြစ်ပြီး ရရှိလာမည့် ရေနံဆီများကို ယခင်ရှိပြီးသား ပိုက်လိုင်း မှမယူဘဲ သီးသန့် ပဒေးကျေးရွာသို့ ပိုက်လိုင်းသစ်ဖြင့် သွယ်ယူမည်ဖြစ်သဖြင့် ဒေသခံပြည်သူများ ၏ လယ်မြေများ နောက်ထပ် ရေနံပိုက်လိုင်းကြောင်း အသိမ်းခံမည်မှာ သေရှာနေကြောင်း၊ ပဒေး ကျေးရွာဆိပ်ကမ်းတွင်လည်း အဆောက်ဦးသစ်များ ကို စတင်ဆောက်လုပ်လျှက်ရှိပြီး ပဒေး ကျေးရွာဆိပ်ကမ်းမှ တဆင့် ကျောက်ဖြူမြို့ ငလပွေးကျေးရွာအနီးရှိ အမှက်(၂)ရေနက်ဆိပ်ကမ်းသို့ ပိုက်လိုင်းသွယ်ယူမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသည့် ဒေသခံဝန်ထမ်းတဦး၏ အတည်ပြု ပြောပြချက်အရ သိရသည်။

Credit to www.kaladanpress.org

ကျောက်ဖြူ မြို့ နယ် ရေမျက်ကျေးရွာအုပ်စုမှ ရယကဥက္ကဌ ၏မတရားမှုများကြောင်း ဒေသခံရွာသားများ ဒုက္ခအကြီးအကျယ်နှင့်ရင်ဆိုင်နီရကြောင်း ဒေသခံတစ်ဦး၏ရင်ဖွင့်ချက်

၂၃.၄.၀၉ နေ့က မယက အတွင်းရေးမှုး ၊ လ/ထ စိုက်ပျိုးရေးမန်နေဂျာ ဦးထွန်းစိန်၊ စနဲ ရဲစခန်းမှဂါတ်စာရေး ဦးစံခင် နှင့် ရဲသားတစ်ဦး၊ရေမျက်ကျေးရွာအုပ်စုမှ ရယက ဥက္ကဌ ဦးရွှေမြင့် ၊ ရယက အတွင်းရေးမှုးဦးလှမြင့်၊ ရယက စာရေး ဦးဘလှ တို့ တစ်စုဟာ ဒေသခံရွာသားများအပေါ်ခြိမ်းခြောက်ပြီးငွေကြေးတောင်းခံတဲ့ကိစပါ။ ကျွန်တော်တို.တော ရွာ တွေမှာ လူဦးရေတိုးပွားလာတာနဲ. အိမ်တစ်အိမ်မှာ (၁၀)ယောက်၊ (၁၅) ယေက် မသင့်တော် ယင်းကြောင့် သီးခြားအိမ်ခွဲဆောက်ပြီးနီထိုင်ကတ်ပါရေ။အိမ်ဆောက်တယ်ဆိုကေလေ့ အခုမှ ဆောက် တေအိမ်တွေမဟုတ်ပါ နှစ်၂၀ ကျော်က ဆောက်တေ ၂ အိမ်၊ ၁၀ နှစ်ကျော်က ဆောက်တေအိမ်က ၄ အိမ်၊ အိမ်ပိုင်ရှင်တိမှာ


၁။ ဦးစံဖိုး
၂။ ဦးထွန်းတင်
၃။ ဦးမောင်ဆန်း
၎။ ဦးကျော်စိန်ချေ
၅။ ဦးကျော်လှချေ
၆။ ဦးမောင်အေးဖြူ
တို့ဖြစ်ကြပါတယ်။
ရယက ဥက္ကဌ ကအထက်ဖော်ပြပါ အကျင့်ပျက်ပုဂ္ဂိုလ်များကြသော ဦးထွန်းစီန်၊ ဦးစံခင် နဲ့ပေါင်းပြီးလယ်ယာမြေမှာအိမ်ဆောက်ထားစွာတိကို အခုဖျက်ရမယ်မင်းရို့ ဥပဒေ ကိုနားမ လည်လား မောက်မာရိုင်းစိုင်စွာပြောပါရေ ယပြီးသနာမဖျက်ချင်ကေတစ်အိမ်ကို ငွေ (၅၀၀၀၀) ကျပ်စီ ပီးရဖို့ လို့ အတင်းအားဓမ္မလာပြီးဆက်ကြေးတောင်းခံပါရေ။ သူရို့ က(၂၅.၄.၂၀၀၉) နေ့ငွေပီးပါဆိုပြီးချိန်းထားခပြီး တစ်ခြား၇ွာတိမှာဆက်ကြေးတောင်းခံနီကတ်ပါရေ။ ယင်ကြား ထဲကျွန်တော်က မြို.ထက်သက်ဆိုင်ရာကို လားတိုင်လိုက်တေ။ သက်ဆိုင်ရာလည်းဤသို့ မတ ရားမှုကို လစ်လျူရူ့  ပြီးကေ အချင်းချင်းကျေလည်ပိုက်ကတ်တေ။ ရယကဥက္ကဌ နှင့်အတွင်း ရေးမှူး ကလည်း ယင်းကိစ္စကိုမကျေမနပ်ဖြစ်ပြီှး ခယက ကို တိုင်မယ်ဆိုပြီးခြိမ်းခြောက်လားပါ သိရေ။ကျွန်တော်တို့ ကုလားတွင်းကျေးရွာက မပီးလိုက်ရကေလေ့ ကျူလွှင့်ကျေးရွာမှကိုညီ ချေ အိမ်အတွက် (၄၀၀၀) ကျပ် ၊ ကိုသိန်းအောင်အိမ်အတွက် (၂၀၀၀) ကျပ်နှင့် တောင်ငူ ကျေးရွာမှ ဦးအောင်သန် (၁၅၀၀၀) ကျပ် စီပေးလိုက်ရပါတယ်။ဒါ့အပြင် စနဲမင်းပြင်ကျေးရွာ အုပ်စု ဘောရဘာရွာမှ ---------------
၁။ ဦးအောင်ချစ်စံ (၁၀၀၀၀) ကျပ်
၂။ ဦးပျောင်ချီးယေ (၁၀၀၀၀)။။
၃။ ဦးသိန်းထွန်း ( ။ ။ )
၎။ ဦးအောင်သိန်းထွန်း ( ။ ။ )
၅။ ဦးမောင်ဇံ ( ။ ။ )
၆။ ဦးငဖြူအောင် ( ။ ။ )
၇။ ဦးမောင်သန် ( ။ ။ )
၈။ ဦးသာထွန်း (၅၀၀၀) ။ ။
၉။ ဦးသန်းအောင် ( ။ ။ ) ။ ။
၁၀။ဦးအောင်ဘဦး (၁၀၀၀၀) ။ ။
၁၁။ဦးမောင်ပိန်ဂျာ ( ။ ။ ) ။ ။
------------- စီကိုစနဲမင်းပြင်ကျေးရွာအုပ်စု ရယက ဥက္ကဌ ဦးဦးဘရွှေ နှင့် မယက အဖွဲ့
ကိုပီးလိုက်ရပြီး ပေါက်ပြင်ကျေးရွာ၊ စနဲမင်းပြင်ကျေးရွာ နှင့်ရေချမ်းကြီးကျေးရွာရို့ မှ မပီးလိုက် ရပါ။ဒေလူတိဇာကြောင့်လာတောင်းလဲလို့လေ့လာကြည့်ရေအခါကျွန်တော်ရို ကျောက်ဖြူမြို့ နယ်မှာ တောင်သူလယ်သမားတိကိုအစိုးရကစိုက်ပျိုးရေးအတွက်တစ်ဧကကို (၃၀၀၀၀) ကျပ် စီ ဆိုပြီး ချီငွေထုပ်ချီပါသည်။ ယင်းချင့်က လည်းအမှန်တကယ်ရစွာက (၂၈၀၀၀) ကျပ်ပါ။ ရယကဥကဋ္ဌဦးရွှေမြင့်မှ(၂၀၀၀)ကျပ်စီဖြတ်တောက်ပါသည်။အဲဒီချေးငွေတိကိုလယ်သမားတိကပြန်ဆပ်ပြီးပါဗျာလ်။ ယေကေလဲ့ စိုက်ပျိုးရေး မြို့နယ်မန်နေဂျာနှင့် မယကအတွင်းရေးမှူးရို့ က အလွဲသုံးစား လုပ်ထားပါရေ။ အခုအစိုးရကိုပြန်ဆပ်မည့်အခါသူရို့ မှာ ငွေမရှိပါဗျာလ်။ ယင်းကြောင့် ကျေးရွာအဆင့်မှာ အကျင့်ပျက်နီရေရယကဥက္ကဌ ရို့ နန့် ပေါင်းပြီး ဆတ်ကြေး တောင်းခံနီကတ်တေလိုသိရပါရေ။
နောက်ပြီး ၂၀၀၇-၂၀၀၈ ခုနှစ်က ကျွန်တော်ရို့ ရေမျက်ကျေးရွာ အုပ်စုမှာကျူလွှင့်ရွာ နှင့်တောင်ငူရွာရို့ မှာ ကားလမ်းမကြီးသို့ဆက်သွယ်ပီးရေရွာအ၀င်လမ်းကို ကားတွေဝင် ထွက်လားလာနိုင်အောင် ဆောက်လုပ်ရန် စည်ပင်မှငွေသိန်း တစ်ရာကျော်လောက်ချပီးပြီး မြိုနယ်စည်ပင်မှ ကျော်လင်းထွန်းကတာဝန်ယူဆောက်လုပ်ပါသည်။ လိုအပ်သောကျောက်ကို အနီးအနားမှာရှိသောတောင်မှထုတ်ယူသောအခါရယက ဥက္ကဌ ဦးရွှေမြင့်က အုပ်စုအတွင်း ငါ့ခွင့်ပြုချက်မရဘဲမလုပ်ရဆိုပြီးတားမြစ်မှုကြောင့် လုပ်ငန်းကို (၂)လကြာရပ် ဆိုင်းထားခဲ့ရ သည်။
၂၀၀၇ ခုနှစ်တွင် အစိုးရမှ တောင်သူလယ်သမားတိထံတွင် တပ်ရိက္ခာအတွက်စပါးဝယ် ယူရာမှာ တစ်တင်းကို (၃၀၀၀)ကျပ်ဖြင့်ဝယ်ယူသော်လည်း ရယက ဥကဋ္ဌဦးရွှေမြင့်က လယ်သမားများကို တစ်တင်းလျှင်(၁၂၀၀) ကျပ်နှုန်းသာရှင်းပီးပါသည်။
ထို့အပြင် ကျွန်တော်တို့ ကုလားတွင်းကျေး၇ွာမှာ ရှေးဟောင်းရွာဦးစေတီပျက်စီးနေလို့ ပြုပြင်ရန် အုတ်လုပ်တာကို အုတ်လုပ်ကြေး ဆိုပြီး မယက ကိုအကြောင်းပြပြီး ရယက ဥကဋ္ဌ ဦးေ၇ွှမြင့်က ကျေးရွာတွင်ငွေ (၂၀၀၀၀)ကျပ်ကောက်ခံနီပါသိရေ။အခုပိုင် မတရားမှု များ ကြောင်း ဒေသခံ ရွာသူ၊ ရွာသားများ မှာ စိတ်ဆင်းရဲ လူဆင်းရဲ ဒုက္ခမျိုးစုံနှင်ရင်ဆိုင် နီရ ကြောင်း။

ကုလားတွင်ကျေးရွာ ဒေသခံတစ်ဦး

Credit to http://arakanshon.blogspot.com