Sunday, September 25, 2011

ကျောက်ဖြူမြို့ ဒေးကျွန်းရေနက်ဆိပ်ကမ်းကို သတ်မှတ်ကာလတွင်း အပြီးတည်ဆောက်နိုင်ရေး ဆောင်ရွက်

ကျောက်ဖြူမြို့ ဒေးကျွန်းရေနက်ဆိပ်ကမ်းကို သတ်မှတ်ကာလတွင်း အပြီးတည်ဆောက်နိုင်ရေး ဆောင်ရွက်   


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းကို သတ်မှတ်ကာလအတွင်း အပြီးသတ် တည်ဆောက်နိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ တည်ဆောက်လျက်ရှိရာ ကျွမ်းကျင်လုပ်သားများ ကိုလည်း နိုင်ငံခြားမှပင် ခေါ်ယူထားကြောင်း သိရှိရသည်။

ယင်းဆိပ်ကမ်းသည် ကျောက်ဖြူမြို့အရှေ့ဘက် ရှစ်မိုင်ခန့်အကွာ တွင်ရှိပြီး မုန်တိုင်းဖြစ်ပေါ်ခဲ့ပါက ခိုလှုံရန်ကောင်းသော ဒေသဖြစ်ပြီး  ကုလားဘာတောင်တွင်လည်း သင်္ဘောကျင်း တည်ဆောက်လျက်ရှိရာ ဒေသခံများအား နေ့စားလုပ်သားများအဖြစ် ငှားရမ်းလုပ်ကိုင်လျက်ရှိကြောင်း၊လုပ်အားခနှင့်ပတ်သက်ပြီး အဆင်မပြေမှုများ ရှိနေကြောင်း သိရသည်။

ရေနက်ဆိပ်ကမ်းတည်ဆောက် ရေးစီမံကိန်းနှင့်အပြိုင် သွယ်တန်း နေသောရေနံတင်ပိုက်လိုင်းစီမံ ကိန်းရှိပိုက်လိုင်းအရှည်မှာ ကီလိုမီ တာ ၁၅၀၀ ခန့်ရှည်မည်ဖြစ်ပြီးဓာတ် ငွေ့ပိုက်လိုင်းမှာ ကီလိုမီတာ ၁၇၀၀ ကျော်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်း ကီလိုမီတာ ၈၀၀ ၀န်းကျင်ခန့် ဖြတ်သန်းရမည်ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် ဇွန်လတွင်စတင် တင်ပို့မည်ဖြစ်ကြောင်း၊ ရွှေသဘာဝဓာတ် ငွေ့ကမ်းလွန်လုပ်ကွက်မှ ဓာတ်ငွေ့များကိုတင်ပို့မည်ဖြစ်ကြောင်းလည်း သိရသည်။

မဒေးကျွန်း(မြဒေးကျွန်း) ရေနက်ဆိပ်ကမ်း၏ ရေပြင်အကျယ်မှာပေ ၄၀၀၀ ခန့်ရှိပြီး အနက်ပေ ၆၀ ရှိကြောင်း သိရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က အမေရိကန်အခြေစိုက် Central Gult Line  ကုမ္ပဏီမှ LASH (Lighter  Aboard Ship) သင်္ဘောကြီးသုံးစင်းစမ်းသပ်ဝင်ရောက် ခဲ့ဖူးသည်။ ရေစူး ၄၂ ပေ၊အလျား ၈၉၃ ပေ၊အနံ ၉၈ ပေနှင့်တန်ချိန် ၃၂၀၀ရှိသော Green Vallley သင်္ဘော နှင့် Green Harbour မှာလည်း အဆိုပါ ရေနက်ဆိပ်ကမ်းနေရာသို့ စမ်းသပ် ၀င်ရောက်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ကုလားဘာတောင်သင်္ဘော  ကျင်းနှင့် မြဒေးကျွန် ရေနက်ဆိပ်ကမ်းသည် တောင်တန်းများအကြားတွင် တည်ဆောက်ထားခြင်းဖြစ်သဖြင့် ရာသီဥတုဒဏ်ကို ကောင်းစွာကာကွယ်နိုင်သော နေရာဖြစ်ကြောင်းနှင့် ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ကုန်တင်သင်္ဘောများကို ဆိပ်ကမ်းတည်ဆောက်ရာ နေရာအနီးသို့တိုင် ခုတ်မောင်းနိုင်ကြောင်း သိရှိရသည်။

သားကြီးမြတ်(စစ်တွေ)

Credit to EMG

No comments: