Kyauk Phyu

Friday, December 5, 2008

SKY VIEW OF KPU




Posted by KYAUK PHYU at 7:26 PM No comments:

Massage News From KPU


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXw4c32jAABtSIMy7VFE6R92dmFhfqbWPCkoR2wJvGZ6mUoYab-FPEvsN6d7uaHKG3imLcGhIX3nta4BTlunKxl-bLiIhLFevqLPgm5oMJQw7v8UsMWNHeO8ATk66MhhONsseT4n4y3sE/s1600-h/to+media.jpg

Posted by KYAUK PHYU at 7:16 PM No comments:

Welcome from Kyauk Phyu

KantKawDaw Pagoda






















































Posted by KYAUK PHYU at 7:04 PM No comments:
Newer Posts Home
Subscribe to: Posts (Atom)

Followers

Rakhine links

  • Myanmar Music-Rakhita
  • Arakanesemeetingpoint

Blog Archive

  • ►  2011 (9)
    • ►  October (1)
    • ►  September (2)
    • ►  July (1)
    • ►  June (1)
    • ►  May (1)
    • ►  April (2)
    • ►  February (1)
  • ►  2010 (27)
    • ►  November (6)
    • ►  October (4)
    • ►  September (1)
    • ►  August (1)
    • ►  June (2)
    • ►  May (7)
    • ►  March (5)
    • ►  January (1)
  • ►  2009 (8)
    • ►  December (1)
    • ►  November (2)
    • ►  October (1)
    • ►  June (1)
    • ►  March (1)
    • ►  February (1)
    • ►  January (1)
  • ▼  2008 (3)
    • ▼  December (3)
      • SKY VIEW OF KPU
      • Massage News From KPU
      • Welcome from Kyauk Phyu

About Me

KYAUK PHYU
View my complete profile

C-Box

NeoCounter

ကျောက်ဖြူ

ကျောက်ဖြူမြို့သည်ကား ရခိုင်ပြည်ရှိ ရမ္မာဝတီခေါ် ရမ်းဗြဲကျွန်း၏ မြောက်ဘက်ဖျားရှိ ဘင်္ဂလားပင်လယ်ကမ်းခြေအနီးတွင် ရှိနေခြင်းကြောင့်ပင်ဖြစ်ပေသည်။ ရှေးအခါက ရခိုင်ပြည်ကြီးတွင် ၀တီလေးရပ်အပါအ၀င် တိုင်းကြီး (၁၂) တိုင်းရှိခဲ့ဘူးပေသည်။ ထိုတိုင်းများထဲတွင် ရမ္မာဝတီခေါ် ရမ္မာပူရကျွန်းသည်လည်း တိုင်းတတိုင်းအဖြစ်ပါဝင်ခဲ့လေသည်။ ဤ ရမ္မာပူရကျွန်းအား နောက်တနည်း အဆိုတရပ်မှာကား ကဿဖဘုရားသခင်လက်ထက်တော်အခါက တပါးသောနေ့တနေ့တွင် ဘုရားသခင်သည် ရဟန္တာများနှင့် ကောင်းကင်စံခရီး ကြွတော်မူရာတွင် ရခိုင်ပြည်၏အလယ်ဗဟိုကျသော ပင်လယ်ထဲတွင် ၀မ်းဘဲငှက်သဏ္ဍာန်ကဲ့သို့ ကျွန်းငယ်တစ်ခုပေါ်သို့ ဆင်းသက်ရပ်နားတော်မူပြီး၍ ကျွန်းငယ်ကားနောင်တွင် ၀မ်းဘဲကျွန်းဟုအမည်တွင်အံ့ဟူ၍ ဗျာဒိတ်တော် ထားခဲ့တော်မူသည်။ ယခုကာလကြာရှည်လာခြင်းကြောင့် ရမ်းဗြဲကျွန်းဟူ၍ ပြောင်းရွှေ့ခေးဆိုကြကြောင်းအဆိုရှိခဲ့လေသည်။
ထိုနောက်ကာလအလွန်ကြာမြင့်လာသောအခါတွင် ရခိုင်ပြည်အား မြန်မာမင်းတို့ သိမ်းပိုက် အုပ်ချုပ်ခဲ့လေသည်။ ထိုမှတဖန် ခရစ်သက္ကရာဇ် ၁၈၂၄-၂၆ ခုနှစ်တွင် အင်္ဂလိပ်မြန်မာတို့ ပထမအကြိမ်စစ်ပွဲကြီြးုဖစ်ပွားရာ ရခိုင်ပြည်အား အင်္ဂလိပ်တို့သိမ်းယူရရှိသွားလေသည်။ ထိုအခါ အင်္ဂလိပ်တို့သည် ရခိုင်ပြည်အား လေးခရိုင်ပြုလုပ် အုပ်ချုပ်ခဲ့လေသည်။ ၎င်းတို့မှာ (၁) စစ်တွေခရိုင် (၂) အမ်းခရိုင် (၃) ရမ်းဗြဲခရိုင် (၄) သံတွဲခရိုင်များပင် ဖြစ်ပေသည်။ ခရစ်သက္ကရာဇ် ၁၈၂၉ ခုနှစ်တွင် ကျောက်ဖြူမြို့တွင် ရခိုင်တိုင်း စစ်ဌာနချုပ်အဖြစ်ချထားပြီး တပ်မြို့သဖွယ်ပြုလုပ်ထားခဲ့ကြောင်း သိရှိရပေသည်။ ခရစ်သက္ကရာဇ် ၁၈၃၇ ခုနှစ်တွင် အမ်းခရိုင်ကိုဖျက်သိမ်းလိုက်ပြီးလျှင် ကျောက်ဖြူခရိုင်အဖြစ် ပြောင်းယူအုပ်ချုပ်ခဲ့လေသည်။ ထိုနောက်တဖန် ခရစ်သက္ကရာဇ် ၁၈၅၂ ခုနှစ်တွင် ရမ်းဗြဲခရိုင်ကို ဖျက်သိမ်းပြီး အမ်းခရိုင်နှင့် ရမ်းဗြဲခရိုင်နှစ်ခုကို တခုတည်းအဖြစ်ပူးပေါင်း၍ ကျောက်ဖြူခရိုင်အဖြစ် ပြုလုပ်အုပ်ချုပ်ခဲ့သည်။
ကျောက်ဖြူမြို့ဟု ခေါ်ဝေါ်ခြင်းမှာ လှပဖြူဖွေးသော ကျောက်စရစ်လုံးငယ်ပေါများစွာရှိခြင်းတို့ကြောင့် ကျောက်ဖြူမြို့ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပေသည်။
ကျောက်ဖြူမြို့သည်ကား အလွန်သာယာလှပခြင်းတို့နှင့် ပြည်စုံပေသည်။ မြင့်သောအရပ်မှကြည့်လျှင် ပင်လယ်ရေ ပတ်လည်ဝိုင်းလျက်ရှိနေပေသည်။ ကံ့ကော်တောဘုရားဘက်သို့သွားရန် လမ်းတမျက်နှာသာလျှင် ကုန်းလမ်းဟူ၍ရှိပေသည်။ (ယခု ကျောက်ဖြူ ရမ်းဗြဲလမ်းမကြီးဖြစ်သည်) သို့သော် ပင်လယ်ရေ ပတ်လည်
ဝိုင်းသည်ကဲ့သို့ရှိနေသော်လည်း မြို့တွင်းရှိ သောက်သုံးရန် ရေများမှာကား ရေချိုတွင်းများသာဖြစ်ပေသည်။ စားသောက်ဖွယ်ရာ ဆန်ရေစပါးများမှာ လည်း မရှားမပေါရှိပေသည်။ အထူးသဖြင့် ပင်လယ်ငါးများပေါလွန်း၍ အခြားမြို့ရွာများမှာကဲ့သို့ ချိန်တွယ်ရောင်းချရန်မလိုပဲ ပုံတိုက်ကြည့်၍၎င်း၊ ကောင်ရေ အလိုက်ရေတွက်၍၎င်း ရောင်းချလေ့ရှိကြပါသည်။ ရာသီဥတုမှာလည်း မပူလွန်း မအေးလွန်းခြင်းတို့ကြောင့် ညီမျှမှုရှိပေသည်။ ပင်လယ်ကမ်းခြေမြို့ဖြစ်၍ သင်္ဘောရေယာဉ်များ အချိန်မရွေးဝင်ရောက်ဆိုက်ကပ်သွားနိုင်သည်။ ရန်သတ္တရုနည်းပါးမှုတို့ကြောင့် အရာခပ်သိမ်းအန္တရာယ်အပေါင်းကင်းငြိမ်းခြင်းရှိပေသည်။ ထို့ကြောင့်လည်း ရောက်ဘူးသူတိုင်းသည် စိတ်အေးချမ်းသာ ပျော်ရွှင်မှုရှိကြပေသည်။ ဤသည်တို့ကြောင့်ပင် ရှေးလူကြီးများက ဤမြို့အား ထူးဆန်းသောနတ်ကျွန်းသာဟူ၍ ခေါ်ဝေါ်ခဲ့ကြပေသည်။
ကျောက်ဖြူမြို့၏ အကျယ်အ၀န်းမှာ အချား (၂) မိုင်၊ အနံ (၁) မိုင်ခွဲခန့် ရှိပါသည်။ မြို့၏ မြေမျက်နှာပြင်မှာ တောင်ကုန်းများ၊ ချိုင့်ဝှမ်းများဟူ၍ လုံးဝမရှိပဲ စည်မျက်မျာပြင်ကဲ့သို့ ညီညာပြန့်ပြူးလျက်ရှိပေသည်။
Awesome Inc. theme. Powered by Blogger.