Wednesday, September 22, 2010

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ရွှေလီသို့ ရထားလမ်းနှင့် ကားလမ်း ဖောက်လုပ်ရန် စီစဉ်နေ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ တရုတ်နိုင်ငံရွှေလီမြို့သို့ ရထားလမ်းနှင့် ကားလမ်းဖောက်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။

ကျောက်ဖြူ-ရွှေလီ စင်္ကြံလမ်းမကြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး Mr. Freng Zhenglin ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးတင့်ဆွေ ဦးဆောင်သောအဖွဲ့တို့ပထမအကြိမ် အစည်းအဝေးအဖြစ် စက်တင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါ အစည်းအဝေးတွင် ယင်းစီမံကိန်းနှင့် ပတ်သက်၍ Master Plan စတင် ရေးဆွဲရန် အရေးကြီးကြောင်း၊ Master Plan ရေးဆွဲပြီးမှ အပိုင်းလိုက် အကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုဆောင်ရွက်ပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ် ကြောင်းနှင့် ကျောက်ဖြူ၊ မကွေး အပိုင်းကို ဖြစ်နိုင်စွမ်းလေ့လာချက် ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး၍ သဘောတူညီချက်များ ရရှိခဲ့ကြောင်း လည်းသိရှိရသည်။

ကျောက်ဖြူမှ ရွှေလီသို့ ရထားလမ်းနှင့် ကားလမ်း ဖောက်လုပ်ရေးကိုလည်း ကာလအပိုင်းအခြားတစ်ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်းမှ တရုတ်သို့ဦးစွာ ဖောက်လုပ်မည့် လမ်းကြောင်းများဖြစ်ကြောင်း လည်းသိရသည်။ ကျောက်ဖြူဒေသသည် ရခိုင်ပြည်နယ်အတွင်း စက်မှု စီးပွားဖွံ့ဖြိုးရာ ဒေသကြီးတစ်ခုဖြစ်လာနိုင်သကဲ့သို့ လက်ရှိအနေအထား တွင်လည်း အိမ်ခြံမြေများဈေးမြောက် လာခဲ့ရာ ယခင်ငါးနှစ်ကထက် သုံးဆခန့် မြင့်တက်လာလျက်ရှိကြောင်း လည်း သိရှိရသည်။
စီမံကိန်းများအရ ကျောက်ဖြူမြို့တွင် အထူးစက်မှုဇုန်တစ်ခုကို တည်ထောင်သွားမည် ဖြစ်သည့်အပြင် ရေနံတင်ဆိပ်ကမ်းနှင့် လေဆိပ်တို့ကိုပါ ဆောက်လုပ်သွားရန်ရှိသဖြင့် စီးပွားရေး အချက်အချာကျသော မြို့တစ်မြို့ ဖြစ်လာနိုင် ...

ကျောက်ဖြူဆိပ်ကမ်း တည်ဆောက်ရေးအတွက်လည်း တရုတ် နှင့် မြန်မာ နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိရာ ကျောက်ဖြူမြို့ သည် ရခိုင်ပြည်နယ်အတွင်း အဓိက ရေနံတင်ဆိပ်ကမ်း ဖြစ်လာနိုင်ရုံသာ မက အရေးပါသော အထူးစီးပွား ရေးဇုန်တစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

စီမံကိန်းများအရ ကျောက်ဖြူ မြို့တွင် အထူးစက်မှုဇုန်တစ်ခုကို တည်ထောင်သွားမည် ဖြစ်သည့်အပြင် ရေနံတင်ဆိပ်ကမ်းနှင့် လေဆိပ်တို့ ကိုပါ ဆောက်လုပ်သွားရန်ရှိသဖြင့် စီးပွားရေး အချက်အချာ ကျသောမြို့ တစ်မြို့ဖြစ်လာနိုင်ခြေရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။ ယင်းအတွက်ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာတွင် အာရှနိုင်ငံများအပြင် အင်အားကြီး နိုင်ငံများပါဝင်လာအောင် ဖိတ်ခေါ်ရန် လိုအပ်လျက်ရှိကြောင်း၊ လက်ရှိ တွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု မှာ အများအပြား ရှိနေသကဲ့သို့ နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်များနှင့် အကျိုးတူပူးပေါင်းသော ဆောင်ရွက်မှု ကဏ္ဍကိုလည်း အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်ရေး၊ နိုင်ငံတကာ ဆက်ဆံရေးကိစ္စရပ်များတွင် နှစ်နိုင်ငံနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မဖြစ်စေရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အလားတူ လွန်ခဲ့သည့် ဆယ်စု နှစ်များအတွင်း တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် တိုးတက်လာခဲ့ရာ ပြီးခဲ့သည့်နှစ်များ အတွင်း၌ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ် တန်းရေး၊ ရေအားလျှပ်စစ်၊ စက်မှု အခြေခံ အဆောက်အအုံနှင့် စိုက်ပျိုး ရေးကဏ္ဍ စသည့်စီမံကိန်းကြီးများ ကိုလည်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
@Eleven Media Group